We Are Using Myanmar Unicode

လက်တော့ တစ်လုံးကို ဘယ်လို သန့်ရှင်းမယ် ?


လက်တော့ တစ်လုံးကို ဘယ်လို သန့်ရှင်းမယ် ?

လူတွေ ရေချိုးသလိုပဲ လက်တော့တွေလည်း ရေရှည်ထားခံဖို့အတွက် သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ အရင်တစ်ခါ ဘယ်အချိန်လောက်က သန့်ရှင်းရေး လုပ်ထားခဲ့ပါသေးသလဲ? တစ်ခါမှ မလုပ်ခဲ့ဖူးတာလည်း ဖြစ်ရင် ဖြစ်နေမှာပါ။ ဒီတော့ ဘာပဲ ဖြစ်ဖြစ် ကိုယ်ပစ္စည်းကိုယ်လပ်တော့ လေး သန့်သန့်ရှင်းရှင်းနဲ့ ရေရှည်သုံးနိင်ဖို့ အတွက် သန့်ရှင်းရေးလေး လုပ်ကြည့်ရအောင်ပါ။ လပ်တော့ပ်ဟာ သံချေးတွေ၊ ဖုန်တွေနဲ့ အတွင်းမှာ ဖြစ်နေတတ်ပါတယ်။ အဓိက က အတွင်းမှာ ရှိတဲ့ ပန်ကာပေါ့။ သုံးနေတဲ့အတော့အတွင်း ဖုန်တွေနဲ့ကြေးတွေနဲ့ စက်အပူလွန်ကဲခြင်းကို ဖြစ်စေနိင်ပါတယ်။ အဲဒီအပူလွန်တာက ကိုယ်စက်ကို ကိုယ်ပြန်ပြီး ဖျက်ဆီးနေသလိုပါပဲ။


၁) အရင်ဦးဆုံး လက်တော့ကို သန့်ရှင်းတော့မယ်ဆိုရင်တော့ ပါ၀ါကို ပိတ်ပစ်ရပါမယ်။ ကြိုးတွေ၊ USB ကြိုးတွေ တပ်ဆင်ထားမူတွေကို အကုန်ဖြုတ်ရပါမယ်။

၂) ကီးဘုတ်ပေါ်က သံချေးတွေနဲ့ အပျက်အစီးတွေက်ု ဖယ်ရှားဖို့အတွက် သံချေးဖယ်ရှာတဲ့ ရူးရူး ဖြန့်ရတဲ့ cleaner တွေကိုသုံးပါ။ ဘူးကို အပေါ်အောက်မကိုင်ဘဲ ရိုးရှင်းစွာ ဖြန့်ပါ။ ပြီးတော့ ပျော့ပျောင်းတဲ့ ဘလပ်ချ် တစ်ခုခုကိုယူပြီး သံချေးတွေ ဖယ်လိုက်ပါ။

၃) တကယ်လို့ နည်းနည်းညစ်ပတ်နေသေးရင် ဂွမ်းစအနည်းငယ်ကို အရက်ပျံနည်းနည်းနဲ့ဆွတ်ပြီး ကီးတွေရဲ့ကြားကို သန့်ရှင်းနိင်ပါတယ်။ သိပ်မစိုဖို့တော့လိုပါတယ်။

၄)စကရင် အတွက် အိမ်တွင်း ဗနီဂါနဲ့ အရက်ကို သုံးနိင်ပါတယ်။ မျက်နှာပြင်ကို တိုက်ရိုက်ကြီးတော့ သွားမဖျန်းပါနဲ့။ ပျော့ပျောင်းတဲ့ အဝတ်စုတ်တစ်ခုခုနဲ့ စွတ်ပြီး စကရင်ကို သုံးပေးပါ။

၅) ပြီးရင်တော့ လပ်တော့ ကိုပြောင်းပြန် ပြန်လှန်ပြီး အထဲက ဖုန်တက် သံချေးတက်နေတဲ့ ပန်ကာကို ဖြုတ်ပြီး သန့်စင်ရပါတော့မယ်။ ဖြုတ်ဖို့က တော့ ဖြုတ်နေကြမဟုတ်ရင် အဆင်ပြေမှာ မဟုတ်တဲ့ အတွက် တစ်ခြား ဖြုတ်တတ်သူကို သင့်က ဖြုတ်ခိုင်းပါလိ်မ့်မယ်။

၆) နားကြပ်ပေါက်၊ USB အပေါက်တွေကို သုတ်ခြင်း အတွင်းထိရောက်အောင် သုတ်ရမှာ ဖြစ်ပြီး ခြောက်သွေ့တဲ့ အစတစ်စနဲ့ သုတ်ရပါမယ်။ အရက်ပျံ မစွတ်ပါနဲ့တော့ဒီအခါ။ Spray နဲ့ ဖြန့် ရုံပါ။ ပြီးရင်တော ့ အားလုံ ပြန်တပ်ပြီး ရပါပြီ။ သင့်ရဲ့ နေတိုင်းသုံးနေတဲ့ လပ်တော့လေး လုံးဝ သန့်ရှင်းသွားပါပြီ။

About the author

Admin
Donec non enim in turpis pulvinar facilisis. Ut felis. Praesent dapibus, neque id cursus faucibus. Aenean fermentum, eget tincidunt.

0 comments:

Copyright © 2014 IT နည်းပညာဖြန့်ဖြူးရေး